`` ရဟန်းတို့၊ လူသားများစွာ၏ ကောင်းကျိုးချမ်းသာ နတ်လူတို့ အကျိုးစီးပွားနှင့် ငြိမ်းချမ်းမှုအတွက် ခရီးဒေသစာရီ ကြွချီကြလော့``
ဗုဒ္ဓရှင်တော်မြတ်သည် ဘီစီ-၅၈၈ တွင် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူလျက် ဗာရာဏသီမြို့အနီး မိဂဒါဝုန်အရပ်၌ ပထမ၀ါကျွတ်ပြီးသောအခါ ရဟန္တာခြောက်ကျိပ်အား အထက်ပါအတိုင်း မြွက်ကြား၍ သာသနာပြုလုပ်ငန်း စတင်တော်မူခဲ့သည်။
ဘီစီ-၂၃၅ တွင် သီရိဓမ္မာအသောက မင်းတရားကြီးသည် တတိယသံဂါယနာတင်ပြီးနောက် ရဟန္တာမထေရ်ကြီးများအား ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်ခဲ့သဖြင့် ဗုဒ္ဓသာသနာတော်သည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီး ယနေ့တိုင် ပျံ့နှံ့နေဆဲလည်းဖြစ်သည်။ မင်းကြီး၏ လုပ်ဆောင်ချက်များကား ကမ္ဘာ့သမိုင်း၌ အံ့ချီးဖွယ် စံနမူနာတစ်ရပ်အဖြစ် ယနေ့တိုင်တွေ့မြင်ရဆဲ ဖြစ်သည်။
ယင်းအစဉ်အလာကို အတုယူလိုက်နာပြီး သာသနာပြု သူတော်စင် ရဟန်းရှင်လူများသည် နှောင်းခေတ် အဆက်ဆက်တွင် ကြိုးစား၍ ဆောင်ရွက်ခဲ့ကြသဖြင့်ဗုဒ္ဓသာသနာတော်သည် နှစ်ပေါင်းနှစ်ထောင့်ငါးရာ
ဘီစီ-၂၃၅ တွင် သီရိဓမ္မာအသောက မင်းတရားကြီးသည် တတိယသံဂါယနာတင်ပြီးနောက် ရဟန္တာမထေရ်ကြီးများအား ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်ခဲ့သဖြင့် ဗုဒ္ဓသာသနာတော်သည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီး ယနေ့တိုင် ပျံ့နှံ့နေဆဲလည်းဖြစ်သည်။ မင်းကြီး၏ လုပ်ဆောင်ချက်များကား ကမ္ဘာ့သမိုင်း၌ အံ့ချီးဖွယ် စံနမူနာတစ်ရပ်အဖြစ် ယနေ့တိုင်တွေ့မြင်ရဆဲ ဖြစ်သည်။
ယင်းအစဉ်အလာကို အတုယူလိုက်နာပြီး သာသနာပြု သူတော်စင် ရဟန်းရှင်လူများသည် နှောင်းခေတ် အဆက်ဆက်တွင် ကြိုးစား၍ ဆောင်ရွက်ခဲ့ကြသဖြင့်ဗုဒ္ဓသာသနာတော်သည် နှစ်ပေါင်းနှစ်ထောင့်ငါးရာ
ကျော်ခဲ့သည့်တိုင် ရှင်သန်ဆဲဖြစ်ကြောင်း နားလည်နိုင်ပါသည်။ ရှေးခေတ်သူတော်ကောင်းတို့၏ ကောင်းမြတ်သောအစဉ်အလာကို လိုက်နာကျင့်သုံးရမည်မှာ မျက်မှောက်ခေတ် သာသနာမျိုးဆက်သစ်တို့ တာဝန်ဖြစ်ချေသည်။
အသောကမင်းကြီး၏ သတ္တမကျောက်စာတွင် `ဆဗေ ဟိ တေ ဆံယမံ စ ဘ၀ဆုဓိံ ဣဆံတိ (ဟိ-မှန်၏၊ ဆဗေ- အလုံးစုံကုန်သော၊ တေ- ထိုအယူဝါဒများသည်၊ ဆံယမံစ- ကိုယ်ကျင့်သိက္ခာစောင့်စည်းခြင်းကိုလည်းကောင်း၊
ဘ၀ဆုဓိံစ-ပစ္စုပ္ပန်ဘ၀၏ စင်ကြယ်မြင့်မြတ်ခြင်းကိုလည်းကောင်း၊ ဣမဆံတိ-အလိုရှိကြကုန်)ဟု ဖော်ပြသည့်အတိုင်းပင် ဗုဒ္ဓတရားတော်၏ ရည်ရွယ်ချက်မှာ မိမိတို့၏ ကိုယ်ကျင့်သိက္ခာကို မြင့်မားအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မိမိတို့ ပစ္စုပ္ပန်ဘ၀၏ စင်ကြယ်မြင့်မြတ်မှုကို တန်ဖိုးထားရန် ဖြစ်သည်။ ဗုဒ္ဓသာသနာတော်သည် ယင်းသို့ ထူးခြားမြင့်မြတ်သော သဘောထားခံယူချက်နှင့် ပြည့်စုံသဖြင့် လူမျိုး၊ ဇာတ်၊ အသားအရောင်၊ အကြီးအငယ်၊ ကျားမ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ ကိုးကွယ်ဆည်းကပ်နိုင်သော သဘောတရားဖြစ်သည်။ လိုက်နာ ကျင့်ကြံသူများအား လောကီလောကုတ္တရာ၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ကောင်းကျိုးကို ပေးစွမ်းနိုင်သည့် လက်တွေ့ကျသော သဘောတရားလည်း ဖြစ်ပေသည်။
ဗုဒ္ဓသာသနာပြုအဖွဲ့ကြီးအနေဖြင့် ဗုဒ္ဓသာသနာတော်အား တစ်ကိုယ်ရေငြိမ်းချမ်းမှသည် ကမ္ဘာငြိမ်းချမ်းရေးဆီသို့ ဦးဆောင်နိုင်သော လမ်းညွှန်၊ အဆုံးအမဘာသာတရားအဖြစ် ယုံကြည်ပါသည်။ ယင်းယုံကြည်ချက်အတိုင်း ဤမြင့်မြတ်သော သာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဗုဒ္ဓသာသနာပြုအဖွဲ့၊ နယူးယောက်မြို့(Buddhist Missionary Society, New York)ကို သက္ကရာဇ် ၂၀၀၁-ခုနှစ်တွင် စတင်ဖွဲ့စည်းကာ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ဆရာ၊ ဒကာလက်တွဲညီစွာဖြင့် သာသနာပြုငန်းကို အစဉ်တစိုက် ဆောင်ရွက်လျှက်ရှိပါသည်။
ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားရေးကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင် နယူးယောက်မြို့၌ သာသနိက အဆောက်အအုံတစ်ခု (111-1034th Aveue, Corona NY 11368) ကို ၀ယ်ထားပြီးဖြစ်ပါသည်။ ဗုဒ္ဓသာသနာဝင် သူတော်စင်များအနေဖြင့် ဤကြိုးပမ်းမှုတွင် သဒ္ဓါတက်အားသရွေ့ ပူးပေါင်းပါဝင် လှူဒါန်းကြပါရန် အလေးအနက် နှိုးဆော်အပ်ပါသည်။
မှတ်ချက်- ကျောင်းတစ်ပေပတ်လည်ကို $ 1000၊ ၁၂-ပေပတ်လည်ကို $ 500၊ ဖြင့် တစ်ဦးချင်းသော်၎င်း၊ အစုအဖွဲ့လိုက်သော်၎င်း အောက်ပါလိပ်စာအတိုင်း လှူဒါန်းနိုင်ပါသည်။
Buddhist Missionary Society
35-25 90th Street#2R
Jackson Heights, Ny 11372
Ph-(718)898-8274
35-25 90th Street#2R
Jackson Heights, Ny 11372
Ph-(718)898-8274
ဗုဒ္ဓသာသနာပြုအဖွဲ့၊ နယူးယောက်မြို့